back

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

Apr 20 • 2:35 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်...

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ဆွာချောင်းတံတား(အပြန်လမ်း)အား အသစ်အစားထိုး ပြန်လည်တည်ဆောက်လျက်ရှိရာ ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကာ ဆွာချောင်းတံတား(အသွားလမ်း)နေရာတွင်လည်း ယာယီဘေလီတံတားထပ်ပိုးအသုံးပြုနေခြင်းကိုအစားထိုး၍ တံတားအသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်သည်။လက်ရှိအချိန်၌ အမြန်လမ်းမကြီးပေါ်ရှိ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မိုင်တိုင်အမှတ်(၁၉၀/၁)ရှိ မှောက်ခုံချောင်းတံတားမှာလည်း ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သည်။

news-view-count-icon

29