ဘန်ကောက်မှာ အပူချိန် အညွှန်းကိန်းဟာ ၁၉ ရက်ဆက်တိုက် အန္တရာယ်ရှိတဲ့ အဆင့်ကို ရောာက်နေပြီး လူထုကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးအဖွဲ့ (BMA) ရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၁ ရက်နေ့ ကနေ ၁၉ ရက်နေ့အထိ အပူချိန်အညွှန်းကိန်း ဟာ ၄၂ ဒီဂရီဆဲလ်စီးယပ်စ်ကနေ ၅၁.၉ ဒီဂရီဆဲလ်စီးယပ်စ်အတွင်း ရှိနေပြီး "အန္တရာယ်ရှိ" တဲ့ အဆင့်မှာပဲ ဆက်တိုက် တည်ရှိနေတာပါ။ အပူချိန် အညွှန်းကိန်း (Heat Index) ဆိုတာဟာ ပုံမှန်တိုင်းတာတဲ့ အပူချိန်နဲ့မတူဘဲ စိုထိုင်းဆကိုပါ ထည့်သွင်းတွက်ချက်ထားတာဖြစ်လို့ လူ့ခန္ဓာကိုယ်က တကယ်တမ်း ခံစားရတဲ့ အပူရှိန်ကို ဖော်ပြတာ ဖြစ်ပါတယ်။တာဝန်ရှိသူတွေကတော့ ပြည်သူတွေအနေနဲ့ နေပူထဲမှာ အချိန်အကြာကြီး နေတာကို ရှောင်ကြဉ်ဖို့နဲ့ အထူးသဖြင့် မွန်းလွဲပိုင်း အပူဆုံးအချိန်တွေမှာ ပိုပြီး သတိထားကြဖို့ သတိပေးထားပါတယ်။ 
Apr 20 • 2:13 AM
Thailand
Local News
Share
| 24 | 0 | 0 | 0 |


