၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ နွန်သဘူရီ (Nonthaburi) ပြည်နယ်၊ Bang Bua Thong ခရိုင်က မျက်မှန်နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံမှာ မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ၄ ထပ်ဆောင် အဆောက်အအုံရဲ့ ဒုတိယထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးတောက်တွေနဲ့ မီးခိုးတွေဟာ စတုတ္ထထပ်အထိ အလျင်အမြန် ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။ အနီးနားက မြူနီစီပယ်နယ်မြေတွေက မီးသတ်ကား အစီး ၃၀ ကျော် လာရောက် ငြှိမ်းသတ်ခဲ့ရပြီး တစ်နာရီလောက်အကြာမှာတော့ မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီမီးလောင်မှုအတွင်း စက်ရုံရဲ့ ဒုတိယထပ်ကနေ စတုတ္ထထပ်အထိ အကုန်လုံးနီးပါး ပျက်စီးသွားခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ စက်ရုံဝန်ထမ်းအားလုံး ဘေးကင်းရာကို အချိန်မီ ထွက်ခွာနိုင်ခဲ့ပါတယ်။ မီးလောင်နေတဲ့အချိန်မှာ ဝန်ထမ်းတွေဟာ စက်ရုံထဲက အဖိုးတန်ပစ္စည်းအချို့ကို ဝိုင်းဝန်းသယ်ထုတ်နိုင်ခဲ့ကြပြီး လက်ရှိမှာတော့ ေသဆုံးသူ ဒါမှမဟုတ် ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။ 
ထိုင်းနိုင်ငံ Nonthaburi က စက်ရုံမီးအကြီးအကျယ်လောင်ကျွမ်းပြီး မီးသတ်ကား အစီး ၃၀ ကျော်နဲ့ ငြိမ်းသတ်ခဲ့ရ
Apr 20 • 2:12 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


