back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတိုးမြှင့်မှုများကြောင့် ဓာတ်အားယူနစ် လျှော့ချကောက်ခံသွားမည်ဟုဆို

Apr 20 • 2:09 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတိုးမြှင့်မှုများကြောင့် ဓာတ်အားယူနစ် လျှော့ချကောက်ခံသွားမည်ဟုဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း(တာချီလိတ်)မြို့၌ ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတိုးမြှင့်မှုများကြောင့်ဓာတ် အားသုံးစွဲသူမိဘပြည်သူများ ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန် ရည်ရွယ်၍ လျ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း(တာချီလိတ်)မြို့၌ ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတိုးမြှင့်မှုများကြောင့်ဓာတ် အားသုံးစွဲသူမိဘပြည်သူများ ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အား ယူနစ် လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်းမြို့မီးလင်းရေးဦးဆောင်၏ ဧပြီ ၁၉ ရက်နံနက်ပိုင်း သတင်းပြန်ချက်အရ သိရသည်။တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း) သည် ၂ဝ၂၃ ခုနှစ်၊ စက်တင်ဘာလ သုံးစွဲယူနစ်မှစတင်၍ ယနေ့ထိ အိမ်သုံးမီတာတစ် ယူနစ်လျှင် ဒေသသုံးထိုင်းဘတ်ငွေ ၅ ဒသမ ၈၀ ဘတ်နှုန်းဖြင့်လည်းကောင်း၊ လုပ်ငန်းသုံးပါဝါမီတာ တစ်ယူနစ်လျှင် ၇ ဒသမ ၂ဝ ဘတ်နှုန်းဖြင့်လည်း ကောင်း အသီးသီးကောက်ခံဖြန့်ဖြူးလျက်ရှိသည်။ယခုအခါ ကမ္ဘာ့လောင်စာဆီဈေးနှုန်းတိုးမြှင့်မှုများကြောင့် ဓာတ်အားသုံးစွဲသူမိဘပြည်သူများ ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန် ၂ဝ၂၆ ခုနှစ်၊ ဧပြီလ သုံးစွဲယူနစ်ဓာတ်အားခမှ မေလနှင့် ဇွန် လထိ သုံးလစာ သုံးစွဲယူနစ်ဓာတ်အားခများအား အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၅ ဒသမ ၇၀ ဘတ်နှုန်းသို့လည်းကောင်း၊ လုပ်ငန်းသုံးပါဝါမီတာ တစ်ယူနစ်လျှင် ၇ ဒသမ ၁၀ ဘတ်နှုန်းသို့လည်းကောင်း ပထမအကြိမ်လျှော့ချပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ပါကြောင်း သိရသည်။

news-view-count-icon

31