ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နိုင်ငံရေးအခြေ အနေများကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာမှ ပြန်လည်တည်ငြိမ်လာချိန်၌ ကော့ကရိတ်မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက်လည်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ထို့ကြောင့် မတ် ၂၆ ရက်မှစကာ ကော့ကရိတ်မြို့၌ လျှပ်စစ်မီးသွယ်တန်းရရှိခဲ့ပြီး ဧပြီ ၁၈ ရက်၌ နေအိမ်(၂၁၀) အိမ် လျှပ်စစ်ဓာတ်အားရရှိခဲ့ကြောင်း သိရသည်။ကျန်ရှိသည့်နေရာများ၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးအတွက် ယမန်နေ့ ဧပြီ ၁၉ ရက်တွင်လည်း လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
| 44 | 0 | 0 | 0 |


