back

ထိုင်း ကုန်တင်သင်္ဘောတစ်စီး အီရန်နဲ့ ညှိနှိုင်းပြီး ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့

Apr 20 • 2:10 AM

breaking-news

Thailand

Local News

cover

ထိုင်း ကုန်တင်သင်္ဘောတစ်စီး အီရန်နဲ့ ညှိနှိုင်းပြီး ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့

SCG ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ထိုင်းကုန်တင်သင်္ဘောတစ်စီးဟာ အိုမန်နဲ့ အီရန်နိုင်ငံတို့ရဲ့ သံတမန်ရေးရာ ကူညီညှိနှိုင်းပေးမှုတွေကြောင့် ဟော်မုဇ် ရေလက်ကြားကနေ အောင်မြင်...

SCG ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ထိုင်းကုန်တင်သင်္ဘောတစ်စီးဟာ အိုမန်နဲ့ အီရန်နိုင်ငံတို့ရဲ့ သံတမန်ရေးရာ ကူညီညှိနှိုင်းပေးမှုတွေကြောင့် ဟော်မုဇ် ရေလက်ကြားကနေ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၁၉ ရက်နေ့မှာ ပြောပါတယ်။ ဒီအောင်မြင်မှုဟာ ဧပြီလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ အိုမန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ရဲ့ ခရီးစဉ်အတွင်း အကူအညီတောင်းခံမှုတွေကြောင့် ဖြစ်လာတာပါ။ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ အဲဒီရေလက်ကြားမှာ ပိတ်မိနေတဲ့ SCG ပိုင် သင်္ဘော ၂ စီးထဲက ၁ စီးဟာ အခုဆိုရင် အဲဒီဧရိယာကနေ ထွက်ခွာလာနိုင်ပြီလို့ သိရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အဲဒီသင်္ဘော ထိုင်းနိုင်ငံကို ပြန်ရောက်တဲ့အထိ ခရီးစဉ်တစ်လျှောက်လုံးကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး အခြေအနေတွေကိုလည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဟော်မုဇ် ရေလက်ကြားထဲမှာ ကျန်ရှိနေသေးတဲ့ နောက်ထပ် ထိုင်းသင်္ဘောတစ်စီးကိုလည်း အမြန်ဆုံး ထွက်ခွာနိုင်ဖို့အတွက် ဝန်ကြီးဌာနက ဆက်လက်ကြိုးပမ်းဆောင်ရွက်နေပါတယ်။

news-view-count-icon

16