back

ကယားပြည်နယ်၊ဖရူဆို၌ နွေရာသီကာလ ရေလုံလောက်မှုမရှိတာကြောင့် နေရပ်စွန့်ခွာစခန်းတွေမှာ ရေအကန့်အသတ်နဲ့သုံးစွဲရ

Apr 19 • 6:46 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဖရူဆို၌ နွေရာသီကာလ ရေလုံလောက်မှုမရှိတာကြောင့် နေရပ်စွန့်ခွာစခန်းတွေမှာ ရေအကန့်အသတ်နဲ့သုံးစွဲရ

ကယား (ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း စခန်းတနေရာမှာ နွေရာသီကာလ ရေမလုံလောက်မှုကြောင့် ရေကို အကန့်အသတ်နဲ့ ခပ်ယူနေရတယ်လို့ သိရပါတယ်။နေရပ်စွန့်ခွာအိမ်ထောင်...

ကယား (ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း စခန်းတနေရာမှာ နွေရာသီကာလ ရေမလုံလောက်မှုကြောင့် ရေကို အကန့်အသတ်နဲ့ ခပ်ယူနေရတယ်လို့ သိရပါတယ်။နေရပ်စွန့်ခွာအိမ်ထောင်စု ၁ စုကို ၁၀ ပုံးနှုန်းနဲ့ ၁ ပတ်ကို ၂ ကြိမ်သာ ခပ်ယူခွင့်ရှိတာကြောင့် မီးဖိုချောင် ချက်ပြုတ်ဖို့အတွက်သာ သုံးစွဲနေရတယ်လို့ကော်မတီဝင်တဦးက ပြောပါတယ်။ အဝတ်လျှော်ဖို့ နဲ့ တစ်ကိုယ်ရေ သုံးစွဲဖို့ကိုတော့စခန်းနဲ့ အလှမ်းဝေးတဲ့ ရေအရင်းအမြစ်ရှိတဲ့နေရာမှာ သွားရောက်ရတာပါ။ အသွားအပြန်ကို ခြေလျင်ခရီးနဲ့ ၁ နာရီကျော် ကြာမြှင့်တယ်လို့ ဆိုပါတယ်။

news-view-count-icon

15