ယမန်နေ့ ( ဧပြီလ ၁၈ ရက်နေ့ ) ညနေပိုင်းအချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။လေပြင်းတိုက်ခိုက်မှုကြောင့် တဲအိမ်တလုံးပေါ်ကို သစ်ပင်ပြိုလဲခဲ့တာဖြစ်တယ်လို့ အမျိုးသမီးတဦးက ပြောပါတယ်။လူထိခိုက်မှုမရှိခဲ့ပေမယ့် အိမ် ၊ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးခဲ့သလို ရပ်ထားတဲ့ ဆိုင်ကယ်လည်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။လေပြင်းတိုက်ခိုက်မှုအပြင် မိုးရွာသွန်းမှုကြောင့် စပါးတွေသိုလှောင်ထားတဲ့ စပါးကျီခေါင်မိုး လွှင့်စင်ခဲ့တယ်လို့လည်း နောက်ထပ် အမျိုးသားတဦးက ပြောပါတယ်။
Apr 19 • 5:23 AM
Myanmar
Kayah
Share
| 17 | 0 | 0 | 0 |


