ကရင်အမျိုးသားအစည်းအရုံးက မင်းလက်ပံကျေးရွာရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လည်မှု) အဆောက်အဦးများကို ဝင်ရောက်ရှင်းလင်းခဲ့ပြီးနောက် အဆိုပါ လုပ်ငန်းများသည် သေ့ဘောဘိုးဒေသသို့ ရွှေ့ပြောင်းကာ အခြေချရန် ပြန်လည်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။လက်ရှိတွင် အဆိုပါလုပ်ငန်းရှင်များသည် ၎င်းဒေသရှိ ဒေသခံပိုင်မြေများကို စိတ်ကြိုက်စျေးပေးကာ လိုက်လံ ဝယ်ယူနေသဖြင့် အချို့ဒေသခံများမှာ မြေစျေးကောင်းခြင်းကြောင့် မိမိတို့၏ ပြောင်းခင်းများကို ရောင်းချနေကြသူများလည်းရှိသည်။ လက်ရှိတွင် သေ့ဘောဘိုးဒေသ၌ အဆိုပါ ကျားဖြန့်လုပ်ငန်းများအတွက် မြေအကျယ်အဝန်း ဧက ၃၀ ခန့်အထိ အသုံးပြုကာ အဆောက်အဦးများ တည်ဆောက်နေခြင်းဖြစ်သည်။ KNU ဗဟို လယ်ယာစိုက်ပျိုးရေးဌာနကမူ ဒေသခံများအား မြေမရောင်းကြရန် မှာကြားထားပြီး မြေပြင်အခြေအနေများကို စောင့်ကြည့်သွားမည်ဟု ဆိုသည်။
ကရင်ပြည်နယ်၊သေ့ဘောဘိုးဒေသတွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည်အခြေချရန် လုပ်ဆောင်နေကြောင်း ဒေသခံများပြော
Apr 19 • 6:48 AM
Myanmar
Kayin
Share
| 20 | 0 | 0 | 0 |


