အပူချိန်တဖြည်းဖြည်း မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းဈေးကွက်အတွင်းရှိ ပန်ကာ၊ Air Cooler နှင့် အခြား အအေးပေးလျှပ်စစ်ပစ္စည်းများမှာ ဝယ်လိုအားကောင်းမွန်ကာ အရောင်းအဝယ် သွက်နေကြောင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များမှ သိရပါတယ်။
လက်ရှိတွင် အဆိုပါ အအေးပေးပစ္စည်းများကို အမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်၍ ငွေကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိမတူညီသည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ပြုလုပ်နေကြပါတယ်။ထိုသို့ အရောင်းအဝယ်ပြုလုပ်ရာမှာ အထူးသဖြင့် ဈေးနှုန်းသင့်တင့်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်းများကို ပိုမိုအသုံးများလျက်ရှိပြီး ဝယ်လိုအား အမြင့်မားဆုံးဖြစ်နေကြောင်း သိရပါတယ်။လာမည့်လများသည်လည်း နွေရာသီ၏ အပူပြင်းဆုံးကာလများဖြစ်သည့်အတွက် အအေးပေးလျှပ်စစ်ပစ္စည်းဈေးကွက်၏ အရောင်းအဝယ်အလားအလာမှာ ဆက်လက်ကောင်းမွန်နေမည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။


