back

ဧရာဝတီတိုင်း၊ပုသိမ်မြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့

Apr 19 • 4:00 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ပုသိမ်မြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ပုသိမ်မြို့၊ အမ...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ပုသိမ်မြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဉမ္မာဒန္တီ(၂)လမ်းရှိ နေ အိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ ၂၈ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ထို့နောက် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

16