back

တနင်္သာရီတိုင်း၊ထားဝယ်ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက်စျေးဆက်ကျ

Apr 19 • 3:59 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ထားဝယ်ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက်စျေးဆက်ကျ

ထားဝယ်ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက်စျေး ယခုနှစ်ပွင့်လင်းရာသီတွင် အဖွင့်စျေးမကောင်းရာမှ ယခုစျေးဆက်ကျနေဆဲ ဖြစ်ကြောင်း ဒေသခံ အုန်းသီးအရောင်းအဝယ်ပြုလုပ်သူမျာ...

ထားဝယ်ဒေသထွက် အုန်းသီးနှင့် အုန်းသားခြောက်စျေး ယခုနှစ်ပွင့်လင်းရာသီတွင် အဖွင့်စျေးမကောင်းရာမှ ယခုစျေးဆက်ကျနေဆဲ ဖြစ်ကြောင်း ဒေသခံ အုန်းသီးအရောင်းအဝယ်ပြုလုပ်သူများထံမှသိရသည်။ပြီးခဲ့သည့်နှစ် သြဂုတ်လခန့်တွင် ရန်ကုန်-ထားဝယ်လမ်းပိတ်သဖြင့် ပစ္စည်းတင်ပိုရန် ခက်ခဲခြင်းကြောင့် ထားဝယ် ဒေသထွက် အုန်းသီး အဝယ်ရပ်လိုက်သဖြင့် အုန်းသီးစျေးကျနေခြင်း၊ မန္တလေးတွင် ငလျင်ကြောင့်ထိခိုက်သည့် မုန့်တိုက်အချို့ လုပ်ငန်းမလည်ပတ်နိုင်သေးခြင်းတို့ကြောင့် မှာယူဝယ်ယူမှု နည်းပြီး အုန်းသီးစျေး ကျဆင်းနေကြောင်း ၎င်းတို့က ပြောသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ မန္တလေးစျေးကွက်က အုန်းသီးဝယ်ယူမှု ပြန်ရှိလာသော်လည်း အုန်းသီးစျေး မရသေး ကြောင်း ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်မှ အုန်းသီးအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ဆိုသည်။

news-view-count-icon

28