back

မက်ဆီရဲ့သွင်းဂိုးတွေနဲ့ နည်းပြသစ်ပွဲဦးထွက်မှာ အင်တာမိုင်ယာမီ နိုင်ပွဲပြန်တွေ့

Apr 19 • 5:18 AM

breaking-news

Myanmar

International

cover

မက်ဆီရဲ့သွင်းဂိုးတွေနဲ့ နည်းပြသစ်ပွဲဦးထွက်မှာ အင်တာမိုင်ယာမီ နိုင်ပွဲပြန်တွေ့

အင်တာမိုင်ယာမီအသင်းဟာ ယာယီနည်းပြ ဟိုးယက်စ်ရဲ့ပွဲဦးထွက်မှာ အသင်းခေါင်းဆောင် မက်ဆီရဲ့သွင်းဂိုးတွေနဲ့ ကော်လိုရာဒီရက်ပစ်အသင်းကို ၃-၂ ဂိုးနဲ့ နိုင်ပြီး နိုင်ပွဲ ပြန်...

အင်တာမိုင်ယာမီအသင်းဟာ ယာယီနည်းပြ ဟိုးယက်စ်ရဲ့ပွဲဦးထွက်မှာ အသင်းခေါင်းဆောင် မက်ဆီရဲ့သွင်းဂိုးတွေနဲ့ ကော်လိုရာဒီရက်ပစ်အသင်းကို ၃-၂ ဂိုးနဲ့ နိုင်ပြီး နိုင်ပွဲ ပြန်တွေ့ခဲ့ပါတယ်။အင်တာမိုင်ယာမီအနေနဲ့ ပြီးခဲ့တဲ့ မေဂျာလိဂ်နှစ်ပွဲဆက် သရေကျထားတာဖြစ်တယ်။အခုပွဲမှာ အင်တာမိုင်ယာမီက မက်ဆီ(ပယ်နယ်တီ)၊ ဘာတယ်ရာမယ်တို့ရဲ့ဂိုးတွေနဲ့ ပထမပိုင်းမှာ နှစ်ဂိုးပြတ် ဦးဆောင်နေခဲ့တာပါ။ဒုတိယပိုင်းမှာတော့ ချေပဂိုးနှစ်ဂိုး ပြန်ပေးခဲ့ရပီး မက်ဆီက ၇၉ မိနစ်ရောက်မှ အနိုင်ဂိုး ထပ်သွင်းပေးခဲ့ပါတယ်။မက်ဆီဟာ အခုရာသီမှာ ၇ ဂိုး သွင်းထားပြီး အခြားကစားသမား နှစ်ဦးနဲ့အတူ ပူးတွဲဂိုးအများဆုံး ဖြစ်နေပါတယ်။

news-view-count-icon

30