လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ထိုသို့ ရောင်းချပေးလျက်ရှိရာ ယမန်နေ့ ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၃)နေ ရာ၊ ပျဥ်းမနားမြို့နယ်ရှိ ကျေးရွာများအတွက် စုရပ်(၂) နေရာ၊ ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများအတွက် စု ရပ်(၂)နေရာတို့ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက် ပစ္စည်းများ၌အသုံးပြုရန် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၄,၅၂၄)ဂါလံကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့သည်။နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသည့်ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလံလျင် (၁၀,၀၀၀)ကျပ်နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
နေပြည်တော်၌ ပြည်တွင်းထုတ် ဒီဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်သူများထံတိုက်ရိုက်ရောင်းချပေး
Apr 19 • 3:55 AM
Myanmar
Naypyidaw
Share
| 41 | 0 | 0 | 0 |


