back

စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဆိုစီဒက်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲ

Apr 19 • 3:57 AM

breaking-news

Myanmar

International

cover

စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ဆိုစီဒက်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲ

၂၀၂၅-၂၆ ဘောလုံးရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆိုစီဒက်အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်စွဲခဲ့ပါတယ်။ဆိုစီဒက်...

၂၀၂၅-၂၆ ဘောလုံးရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆိုစီဒက်အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဗိုလ်စွဲခဲ့ပါတယ်။ဆိုစီဒက်အသင်းက ဘယ်ရန်နက်ရှီယာ(၁ မိနစ်)၊ အော်ယာဇာဘယ်လ်(၄၅+၁ မိနစ် ပယ်နယ်တီ)ဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ဦးဆောင်ခဲ့ပြီး လွတ်ခ်မန်း

(၁၈ မိနစ်)၊ အယ်လ်ဗာရက်ဇ်(၈၃ မိနစ်)တို့က ချေပဂိုးတွေ လိုက်သွင်းခဲ့ရတာဖြစ်တယ်။ပယ်နယ်တီမှာတော့ ဆိုစီဒက်ဂိုးသမား မာရဲရိုးက အက်သလက်တီကိုအသင်းရဲ့ ဆော်လော့သ်၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ပထမဆုံး ပယ်နယ်တီနှစ်လုံးကို ကာကွယ်ပြီး ၄-၃ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ဆိုစီဒက်အသင်းဟာ စပိန်ဘုရင့်ဖလားမှာ စတုတ္ထအကြိမ်မြောက် ဗိုလ်စွဲပြီး ၂၀၂၀ ခုနှစ်ကတည်းက ပထမဆုံးဖလားလည်း ဖြစ်ခဲ့တယ်။ဆိုစီဒက်အသင်းနည်းပြ မာတာရက်ဇိုလည်း ဥရောပမြေမှာ မေဂျာဖလားရယူနိုင်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားနည်းပြ ဖြစ်လာခဲ့တယ်။

news-view-count-icon

34