back

ရှမ်းပြည်နယ်၊တာချီလိတ်တွင် မိုးသည်းပြီး ရေကြီး

Apr 19 • 1:49 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်တွင် မိုးသည်းပြီး ရေကြီး

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၁၈ရက် ညဦးပိုင်းက မိုးသည်းပြီး နေရာအချို့တွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။ညဦးပိုင်းက မိုးရွာသွန်းခဲ့ရာတွင်...

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ယမန်နေ့ ဧပြီလ ၁၈ရက် ညဦးပိုင်းက မိုးသည်းပြီး နေရာအချို့တွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။ညဦးပိုင်းက မိုးရွာသွန်းခဲ့ရာတွင် မိုးသီးအနည်းငယ်လည်း ကျဆင်းခဲ့ကြောင်း သိရသည်။လေပြင်းတိုက်ခတ်ခြင်းကြောင့် မြို့နယ်အတွင်း နေရာအချို့ရှိ ဆိုင်းဘုတ်များလဲခြင်း၊ အင်တာနက်ဝိုင်ဖိုင် ကြိုးများ ပြတ်ကျခြင်း ၊ လမ်းဘေးစျေးဆိုင်ခန်းများ ပစ္စည်းများ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး မိုးရွာသွန်းစဉ်၌ ရပ်ကွက်များရှိ  လမ်းပေါ်အချို့၌ ရေတင်ကျန်ခဲ့ကြောင်း သိရှိရသည်။ပျက်စီးဆုံးရှုံးမှုများ ရှိမည့်နေရာများအား စာရင်းကောက်ယူပြီးမြို့အထောက်အကူပြု ကော်မတီ အဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ကာ ကူညီပေးနိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

news-view-count-icon

24