back

ရှမ်းပြည်နယ်၊အင်းလေးတွင် အင်းတိန်ချောင်း ရေခန်းမှုကြောင့် ဒေသခံများ သွားလာရေး အခက်ကြုံ

Apr 19 • 1:48 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊အင်းလေးတွင် အင်းတိန်ချောင်း ရေခန်းမှုကြောင့် ဒေသခံများ သွားလာရေး အခက်ကြုံ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အတွင်း အင်းတိန်ချောင်းနှင့် ဟဲယာရွာမကျေးရွာများတွင် ရေခန်းလာမှုကြောင့် စက်လှေသွားလာရေး အခက်အခဲများ ဖြစ်ပေါ်...

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အတွင်း အင်းတိန်ချောင်းနှင့် ဟဲယာရွာမကျေးရွာများတွင် ရေခန်းလာမှုကြောင့် စက်လှေသွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ယခင်က လှေများ သွားလာရ လွယ်ကကူခဲ့သည့် လမ်းကြောင်းများတွင် ယခုအခါ သဲသောင်များ ပေါ်လာပြီး ရေတိမ်နေရာများ များပြားလာသဖြင့် လှေသွားလာမရသော နေရာများ တိုးလာနေကြောင်း သိရသည်။ယခု အခြေအနေကြောင့် ဒေသခံများသည် စက်လှေများ အသုံးမပြုနိုင်တော့ဘဲ သွားလာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

25