မကွေးတိုင်း ၊ပွင့်ဖြူမြို့နယ်မှာ နယ်မြေအခြေနေဆိုးရွားစွာ ဖြစ်ေနတာကြောင့် ကိုးရက်ကြာသည်အထိ စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၈ ရက်က စတင်ကာ ရှောင်နေရတာဖြစ်ပြီး တစ်ပတ်ကျော်ကြာမြင့်လာတာကြောင့် နေထိုင်စားသောက်ရေး ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဘေးရှောင်ဦးရေ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ တောတွေထဲမှာ နေထိုင်နေရတာကြောင့် သောက်ရေအခက်အခဲ၊ ရိက္ခာအခက်အခဲနဲ့ အပူချိန်မြင့်မားတာကြောင့် ဖျားနာတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။



