back

ထိုင်းရဲ့ဆုန်ခရန် ကာလ ၆ ရက်မှာ ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ ၂၄၂ ယောက်ရှိခဲ့

Apr 18 • 12:33 AM

breaking-news

Thailand

Local News

cover

ထိုင်းရဲ့ဆုန်ခရန် ကာလ ၆ ရက်မှာ ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ ၂၄၂ ယောက်ရှိခဲ့

ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဆုန်ခရန်ကာလ ခြောက်ရက်အတွင်း (ဧပြီ ၁၀ ရက်ကနေ ၁၅ ရက်အထိ) ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ ၂၄၂ ဦးအထိ ရှိလာခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်...

ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဆုန်ခရန်ကာလ ခြောက်

ရက်အတွင်း (ဧပြီ ၁၀ ရက်ကနေ ၁၅ ရက်အထိ) ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ ၂၄၂ ဦးအထိ ရှိလာခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီကာလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၁,၂၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁,၂၀၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီထဲမှာမှ ဧပြီလ ၁၅ ရက် တစ်ရက်တည်းမှာတင် မတော်တဆမှု ၁၅၆ ကြိမ်ဖြစ်ပြီး ၂၃ ဦး ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။မတော်တဆမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေကတော့ သတ်မှတ်အရှိန်ထက် ပိုမောင်းတာ (၄၃.၅၉ ရာခိုင်နှုန်း) နဲ့ အရက်သောက်ပြီး မောင်းနှင်တာ (၂၅.၆၄ ရာခိုင်နှုန်း) တို့ကြောင့် ဖြစ်ပါတယ်။ မတော်တဆဖြစ်တဲ့ ယာဉ်တွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဟာ မော်တော်ဆိုင်ကယ်တွေဖြစ်ပြီး အဝေးပြေးလမ်းမကြီးတွေပေါ်မှာ အများဆုံး ဖြစ်ပွားခဲ့တာပါ။ အချိန်အားဖြင့်တော့ ညနေ ၆ နာရီကနေ ည ၉ နာရီကြားမှာ အန္တရာယ်အရှိဆုံးဖြစ်ပြီး ထိခိုက်‌ေ-သဆုံးသူတွေရဲ့ ၂၄ ရာခိုင်နှုန်းကျော်ဟာ အသက် ၂၀ ကနေ ၂၉ နှစ်ကြား လူငယ်တွေဖြစ်နေပါတယ်။ပြည်နယ်အလိုက် ကြည့်မယ်ဆိုရင် ခြောက်ရက်တာအတွင်း Phrae ခရိုင်မှာ မတော်တဆမှုနဲ့ ဒဏ်ရာရသူ အများဆုံးဖြစ်ခဲ့ပြီး ဘန်ကောက် မှာတော့ ‌ေ-သဆုံးသူ ၁၉ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ Chiang Rai ကတော့ ဧပြီ ၁၅ ရက် တစ်ရက်တည်းမှာတင် မတော်တဆမှုနဲ့ ထိခိုက်‌ေ-သဆုံးမှု အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် စည်းကမ်းတွေကို ပိုပြီး တင်းကျပ်စွာ လိုက်နာကြဖို့နဲ့ ခရီးသွားလာချိန်တွေမှာ အထူးသတိထားကြဖို့ ဆက်လက် တိုက်တွန်းထားပါတယ်။

news-view-count-icon

24