ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းလျက်ရှိရာ နည်းပညာသုံး GPS နှင့် Alarm စနစ်များ တပ်ဆင်ထားသည့် ဆိုင်ကယ်များကိုပင် ကျွမ်းကျင်စွာ ဖြုတ်ယူခိုးယူသူများ ရှိလာနေကြောင်း သိရသည်။ ဧပြီလ ၁၄ ရက်နေ့က ဝိန်းကျောက်ရပ်ကွက်ရှိ အိမ်ငှားဆောင်တစ်ခုအတွင်းမှ ဘတ် ၆ သောင်းကျော်တန် ဆိုင်ကယ်တစ်စီးမှာ Alarm မြည်နေသည့်ကြားမှ ခဏချင်းအတွင်း ဖြုတ်ယူခိုးခံခဲ့ရပြီး၊ ခိုးယူသူများမှာ GPS စနစ်ကိုပါ ဖြုတ်ပစ်နိုင်လောက်အောင် ကျွမ်းကျင်မှုရှိကြောင်း CCTV မှတ်တမ်းများအရ သိရသည်။ အလားတူ ပါလျံ (၂) ရပ်ကွက်နှင့် ဟုံလုံဈေးအနီးတို့တွင်လည်း ဆိုင်ကယ်ခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး၊ ခိုးယူသူများကို ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် ဒေသခံပြည်သူများအကြား လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
Apr 17 • 6:53 AM
Myanmar
Shan
Share
| 32 | 0 | 0 | 0 |


