မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာရန် ၈၀ ရာနှုန်းအထိ ရှိနေပြီး နေပြည်တော်၊ မကွေး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကာ ရန်ကုန်မြို့အပါအဝင် ကျန်ဒေသများတွင် အများအားဖြင့် သာယာမည်ဟု သိရသည်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့် ၄ ပေမှ ၆ ပေခန့်အထိ ရှိနိုင်ပြီး နောက်နှစ်ရက်အတွင်း နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းအထက်ပိုင်း အပါအဝင် ဒေသအများအပြား၌ မိုးဆက်လက်ထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါသည်။
မန္တလေးနှင့် စစ်ကိုင်းအပါအဝင် ဒေသအချို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသများ၌ အများအားဖြင့် သာယာမည်ဟု မ်ိုးဇလခန့်မှန်း
Apr 17 • 6:50 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


