ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် (၄) ရက်တာကာလအတွင်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ရှိ ယာဉ်ရပ်နားကွင်း၌ လူပေါင်း ၈,၀၀၀ ကျော်ကို စတုဒိသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်တွင် လူဦးရေ ၂,၀၀၀ ကျော်ကို သီးစုံဒံပေါက်များ လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း ၅၀ ကို ထပ်ဆောင်းလှူဒါန်းခဲ့သည်။အဆိုပါအဖွဲ့သည် သင်္ကြန်ကာလတစ်လျှောက် ရွှေရင်အေး၊ ကြက်ဆီထမင်း၊ ကြာဇံကြော်နှင့် သီးစုံဒံပေါက် စသည့် အစားအစာမျိုးစုံကို နေ့ရက်အလိုက် ခွဲခြားကျွေးမွေးခဲ့ခြင်းဖြစ်သည်။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ယခုကဲ့သို့ စတုဒိသာလှူဒါန်းမှုမှာ (၄) ကြိမ်မြောက် ရှိပြီဖြစ်ပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် ဘာသာကွဲများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အလှူအတန်းပြုသည့် ဓလေ့ကို ထိန်းသိမ်းသောအားဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သင်္ကြန် (၄) ရက်တာကာလအတွင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ လူပေါင်း ၈,၀၀၀ ကျော်အား စတုဒိသာ ကျွေးမွေးလှူဒါန်း
Apr 17 • 6:48 AM
Myanmar
Local
Share
| 33 | 0 | 0 | 0 |


