back

မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ၌ တရုတ်နိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေ

Apr 17 • 4:22 AM

breaking-news

China

Local News

cover

မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ၌ တရုတ်နိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေ

မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများက စိတ်ဝင်စားလျက်ရှိပြီး ပြည်ထောင်စုဝန်ကြ...

မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများက စိတ်ဝင်စားလျက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပေကျင်းမြို့၌ တရုတ်ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံမှုများတွင် China Railway Beijing Engineering Group၊ MEIGE Joint Energy Holding နှင့် Yunnan-Irrawaddy Supply Chain တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်းများ တူးဖော်ရေး၊ ရေနံချက်စက်ရုံ အသစ်တည်ဆောက်ရေး၊ နေရောင်ခြည်စွမ်းအင်သုံး ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများနှင့် စွမ်းအင်ဖူလုံရေးအတွက် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းတင်သွင်းမှု Supply Chain လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် မေးမြန်းဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးကလည်း မြေပြင်အခြေအနေကို လာရောက်ကြည့်ရှုကာ အသေးစိတ်ဆက်လက်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

0