back

မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည် မိုးလေဝသဖြစ်စဉ်များကို ကြိုတင်သတိပြုနိုင်ရန် မိုးဇလ အသိပေး

Apr 17 • 4:51 AM

breaking-news

Myanmar

Local

cover

မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည် မိုးလေဝသဖြစ်စဉ်များကို ကြိုတင်သတိပြုနိုင်ရန် မိုးဇလ အသိပေး

မြန်မာနိုင်ငံ အရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ဧပြီလ လယ်မှ  မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များ န...

မြန်မာနိုင်ငံ အရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ဧပြီလ လယ်မှ  မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များ နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုးဇလ) က ဧပြီ ၁၆ ရက်နေ့ တွင် အသိပေးနှိုးဆော်ထားသည်။အဆိုပါ ကာလအတွင်း ပြည်တွင်းလေကြောင်း ပျံသန်းရေး နှင့် ရေကြောင်းခရီးစဉ်များ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်လည်း မိုးဇလ က နှိုးဆော်ထားကြောင်း သိရသည်။မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီ ကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရမှာ အပူတိမ်များ ဖြစ်ထွန်းခြင်းကြောင့်လည်းကောင်း၊ လေပြင်းများတိုက်ခတ်ခြင်း လေပြင်းနှင့် အတူ ထစ်ချုပ်ခြင်းများ မိုးကြိုးပစ်ခြင်း လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်း နှင့် နေရာကွက်ကြား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်းလည်း အသိပေးထားသည်။

news-view-count-icon

31