၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများက ပျော်ရွှင်မြူးထူးစွာဖြင့် တစ်ခဲနက် ပါဝင်ဆင်နွှဲခဲ့ကြသည်။ မုံရွာမြို့ ကန်သာယာကန်ဘေး ဗိုလ်ချုပ်လမ်းရှိ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များတွင် မြို့ခံပြည်သူများနှင့် နယ်ဝေးမှ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။သင်္ကြန်အတက်နေ့ဖြစ်သည်နှင့်အညီ ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုမှုများနှင့်အတူ ရေကစားသူများက စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ စတုဒိသာ ကျွေးမွေးလှူဒါန်းမှုများဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေခဲ့သည်။ 
Apr 17 • 4:17 AM
Myanmar
Magway
Share
| 30 | 0 | 0 | 0 |


