back

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၄,၅၀၀ ကျော်အားလွတ်ငြိမ်းခွင့်ပြု

Apr 17 • 2:10 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၄,၅၀၀ ကျော်အားလွတ်ငြိမ်းခွင့်ပြု

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသာ...

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၄,၅၀၀ ကျော်ကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။ ယင်းလွတ်ငြိမ်းခွင့်တွင် ပြည်တွင်းအကျဉ်းသား ၄,၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုမကျူးလွန်ရန် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး၊ နိုင်ငံခြားသားအကျဉ်းသား ၁၇၉ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။ထို့ပြင် ပြစ်ဒဏ်လျှော့ပေါ့မှုများအနေဖြင့် သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့လည်းကောင်း၊ ထောင်ဒဏ်တစ်သက်ကျသူများကို ထောင်ဒဏ် နှစ် ၄၀ သို့လည်းကောင်း ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီး၊ ကျန်ရှိသော အကျဉ်းသားများကိုလည်း ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ခံစားခွင့်ပြုခဲ့သည်။ ယခုကဲ့သို့ လွတ်ငြိမ်းခွင့်ပေးခြင်းမှာ မြန်မာနှစ်သစ်အခါသမယတွင် ပြည်သူများ စိတ်အေးချမ်းသာရှိစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

76