back

မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကုသိုလ်ရှင် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

Apr 17 • 2:51 AM

breaking-news

Myanmar

Yangon

cover

မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကုသိုလ်ရှင် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသည့် ဘုရားဖ...

ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများဖြင့် တစ်ခဲနက် စည်ကားလျက်ရှိသည်။ စေတီတော်ရင်ပြင်၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် နံ့သာတိုင်များ ထွန်းညှိပူဇော်သူများ၊ ဓမ္မစကြာနှင့် ပရိတ်တရားတော်များ နာယူသူများ၊ တရားဘာဝနာပွားများ အားထုတ်သူများဖြင့် ကြည်နူးဖွယ်ရာ မြင်တွေ့ရသည်။ ထို့ပြင် စေတီတော်ဝန်းကျင်တွင်လည်း အလှူရှင်များက စတုဒိသာကျွေးမွေး လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အညီ နှစ်သစ်ဦးအခါသမယတွင် ကုသိုလ်ကောင်းမှုများဖြင့် တိုးမပေါက်အောင် စည်ကားများပြားလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

49