back

စစ်ကိုင်းတိုင်း ချောင်းဦးအပါအဝင် ဒေသများတွင် ကိုယ်ရေးအချက်အလက်ဝယ်ယူကာ ဘဏ်အကောင့်ဖွင့်ရန် ကြိုးပမ်းမှုများ ဖြစ်ပွား

Apr 16 • 8:02 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း ချောင်းဦးအပါအဝင် ဒေသများတွင် ကိုယ်ရေးအချက်အလက်ဝယ်ယူကာ ဘဏ်အကောင့်ဖွင့်ရန် ကြိုးပမ်းမှုများ ဖြစ်ပွား

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တွင် စီးပွားရေးကျပ်တည်းမှုကို အခွင့်ကောင်းယူ၍ ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များကို တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ဝယ်ယူကာ ဘဏ်အကော...

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တွင် စီးပွားရေးကျပ်တည်းမှုကို အခွင့်ကောင်းယူ၍ ဒေသခံများ၏ ကိုယ်ရေးအချက်အလက်များကို တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ဝယ်ယူကာ ဘဏ်အကောင့်များဖွင့်ရန် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ကြိုးပမ်းခဲ့ကြောင်း သိရသည်။ K Pay နှင့် Wave Pay အကောင့်ဖွင့်ရန် လိုအပ်သည့် အချက်အလက်များကို ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီဈေးမြင့်မှုနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံအချို့ ရောင်းချခဲ့ကြသည်ဟု ဆိုသည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ ဘဏ်အကောင့်ဖွင့်ရန် အချက်အလက်များ ဝယ်ယူခဲ့သည့် လူငယ် ၂၆ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး မိဘများကို ခေါ်ယူကာ နောင်မပြုလုပ်ရန် ခံဝန်ထိုး၍ ပြန်လွှတ်ပေးခဲ့ကြောင်း ချောင်းဦးပကဖ က ပြောကြားသည်။ ဒေသခံပြည်သူများကို အွန်လိုင်းလောင်းကစားအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။


ချောင်းဦးအပြင် မုံရွာ၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦးနှင့် အရာတော်မြို့နယ်များ တွင်လည်း လောင်းကစားဝိုင်းများနှင့် စလော့ဂိမ်းကစားသူများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။ ဘဏ်စည်းမျဉ်းများအရ ကိုယ်ရေးအချက်အလက်များကို ငွေကြေးဖြင့် လဲလှယ်ခြင်းမပြုရန် သတိပေးထားသော်လည်း အလွဲသုံးစားမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

20