back

ထိုင်းရဲ့ ဆုန်ခရန်ကာလမှာ ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ ၁၅၄ ဦးရှိ

Apr 16 • 8:01 AM

breaking-news

Thailand

Local News

cover

ထိုင်းရဲ့ ဆုန်ခရန်ကာလမှာ ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူ ၁၅၄ ဦးရှိ

ထိုင်းနိုင်ငံ ရဲ့ ဆုန်ခရန်ကာလ "အန္တရာယ်ရှိတဲ့ ၇ ရက်" ပထမ ၄ ရက်အတွင်း (ဧပြီလ ၁၀ ရက်ကနေ ၁၃ ရက်အထိ) နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှု ၇၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံ...



ထိုင်းနိုင်ငံ ရဲ့ ဆုန်ခရန်ကာလ "အန္တရာယ်ရှိတဲ့  ရက်ပထမ  ရက်အတွင်း (ဧပြီလ ၁၀ ရက်ကနေ ၁၃ ရက်အထိနိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှု ၇၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူ ၁၅၄ ဦးနဲ့ ဒဏ်ရာရသူ ၇၀၅ ဦးအထိ ရှိလာပါတယ်။ Lampang ပြည်နယ်မှာ မတော်တဆမှု ၃၃ ကြိမ်နဲ့ ဒဏ်ရာရသူ ၃၄ ဦးရှိခဲ့တာကြောင့် ဖြစ်စဉ်အများဆုံးဒေသ ဖြစ်ခဲ့ပေမယ့် မြို့တော် ဘန်ကောက် မှာတော့ သေဆုံးသူ  ဦးအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ပြည်နယ်ပေါင်း ၂၂ ခုမှာတော့ ‌ေ-သဆုံးသူ တစ်ဦးမှမရှိခဲ့ဘူးလို့ သိရပါတယ်။


  ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် တစ်ရက်တည်းမှာတင် မတော်တဆမှု ၂၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ၅၁ ဦး‌ေ-သဆုံးခဲ့ပါတယ်။ အဲဒီနေ့မှာ Chumphon နဲ့ Chiang Rai တို့က မတော်တဆမှု ၁၂ ကြိမ်စီနဲ့ အများဆုံးဖြစ်ခဲ့သလို Pathum Thani နဲ့ Loei တို့မှာ ‌ေ-သဆုံးသူ  ဦးစီရှိခဲ့တာကြောင့် တစ်ရက်တာအတွင်း ‌ေ-သဆုံးမှု အမြင့်ဆုံး ပြည်နယ်တွေ ဖြစ်ခဲ့ပါတယ်။ မတော်တဆမှုတွေရဲ့ အဓိကအကြောင်းရင်းကတော့ အရှိန်ပြင်းမောင်းနှင်တာ၄၁.၇၇ ရာခိုင်နှုန်းနဲ့ မူးယစ်မောင်းနှင်တာ ၂၇.၄၃ ရာခိုင်နှုန်းတို့ကြောင့် ဖြစ်ပြီး ဖြစ်ပွားမှု ၇၀ ရာခိုင်နှုန်းကျော်မှာ ဆိုင်ကယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ မတော်တဆမှုနဲ့ ဒဏ်ရာရသူ အရေအတွက် ၂၅ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျသွားပါတယ်။ ဒါပေမဲ့ ‌ေ-သဆုံးသူ အရေအတွက်ကတော့ ၁၆ ဦး (၁၁ ရာခိုင်နှုန်းခန့်ပိုများလာတာကြောင့် မတော်တဆဖြစ်ပွားမှု အရေအတွက် နည်းသွားပေမယ့်ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေက ပိုပြီးပြင်းထန်ဆိုးရွားလာတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ညနေ  နာရီကနေ ညနေ ၆နာရီအတွင်းဟာ အန္တရာယ်အရှိဆုံး အချိန်ဖြစ်ပြီး ထိခိုက် ‌ေ-သဆုံးသူတွေထဲမှာ အသက် ၂၀ ကနေ ၃၉ နှစ်ကြားလူငယ်နဲ့ လူလတ်ပိုင်းတွေ အများဆုံးဖြစ်နေတယ်လို့ The Pattaya News က ဖော်ပြထားပါတယ်။

news-view-count-icon

11