back

အမေရိကန်ရောက် မြန်မာ ၅ ဦး အဖမ်းခံရ

Apr 16 • 8:00 AM

breaking-news

Myanmar

International

cover

အမေရိကန်ရောက် မြန်မာ ၅ ဦး အဖမ်းခံရ

မြန်မာပြည်ဖွားအများအပြားနေထိုင်သော အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင်  မြန်မာနိုင်ငံသား ၅ ဦးကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခ...



မြန်မာပြည်ဖွားအများအပြားနေထိုင်သော အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင်  မြန်မာနိုင်ငံသား  ဦးကို

 အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE )အဖွဲ့က ဧပြီလ ၁၅ ရက်၌ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။


ဘတ်ဖဲလိုးမြို့၀န်းကျင်တွင် ICE အဖွဲ့မှ တရားမ၀င်လာရောက်သူများအား ဖမ်းဆီးစစ်ဆေးနေစဥ် မြန်မာပြည်ဖွား၅ ဦးလည်း အဖမ်းခံရခြင်းဖြစ်သည်။


ကျနော် သိသလောက်က Asylum ( နိုင်ငံရေးခိုလှုံခွင့် ) သမားတွေပါ  ဒုက္ခသည်လို့တော့မကြားမိသေးဘူးဟုဘတ်ဖဲလိုးမြို့ခံကိုစိုးသန်းက ဆိုသည်။


ဖမ်းဆီးခံရသူများမှာ အမျိုးသားများဖြစ်ပြီး ထိုအထဲမှ တဦးသည် Pembroke Amazon Flex ကုန်ပစ္စည်းသိုလှောင်ရုံ၌ Delivery လုပ်ရန် ပစ္စည်းသွားအယူ Parking lot ထဲ စောင့်နေသော ICE တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက်သတင်းများတင်ဆက်ပေးနေသည့် Newswise သတင်းစာမျက်နှာတွင် ရေးသားထားသည်။


သမ္မတ ထရမ့်တက်လာပြီးနောက် အမေရိကန်နိုင်ငံသို့တရားမ၀င်လာရောက်သူများအားဖမ်းဆီးစစ်ဆေးခြင်းနှင့်နေရပ်ပြန်လည်ပို့ဆောင်ခြင်းများကို မြို့ကြီးအချို့တွင်ပြလုပ်လာခဲ့ပြီး ICE  ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိနေသည်။


ဘတ်ဖဲလိုးမြို့သည်အမေရိကန်ပြည်ထောင်စုရှိမြို့နယ်များထဲတွင်မြန်မာပြည်ဖွားအများအပြားနေထိုင်သည့်မြို့တမြို့ဖြစ်သည်။

news-view-count-icon

34