back

လောင်စာဆီအကျပ်အတည်းကြောင့် မြန်မာ့ငါးဈေးကွက်နှင့် ပြည်ပတင်ပို့မှု ကျဆင်း

Apr 16 • 7:59 AM

breaking-news

Myanmar

Local

cover

လောင်စာဆီအကျပ်အတည်းကြောင့် မြန်မာ့ငါးဈေးကွက်နှင့် ပြည်ပတင်ပို့မှု ကျဆင်း

လောင်စာဆီအကျပ်အတည်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း ငါးဈေးကွက်နှင့် ပြည်ပတင်ပို့မှုများ သိသိသာသာ ကျဆင်းနေပြီး ငါးဈေးများ မတည်ငြိမ်ဖြစ်နေကြောင်း ငါးကုန်သည်များက ပြော...



လောင်စာဆီအကျပ်အတည်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း ငါးဈေးကွက်နှင့် ပြည်ပတင်ပို့မှုများ သိသိသာသာ ကျဆင်းနေပြီး ငါးဈေးများ မတည်ငြိမ်ဖြစ်နေကြောင်း ငါးကုန်သည်များက ပြောသည်။ ရန်ကုန်မြို့ရှိ အကြီးဆုံး ငါးဈေးကွက်တစ်ခုဖြစ်သည့် ရွှေပိတောက်ငါးဈေးတွင် ဝယ်သူလျော့နည်းလာပြီး ငါးကားဝင်ရောက်မှုလည်း မမှန်ကန်တော့ကြောင်း သိရသည်။


ကုန်ကျစရိတ်မြင့်တက်ခြင်းနှင့် ဆီပြတ်လပ်မှုကြောင့် နယ်မြို့များသို့ ပို့ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေပြီး ငါးတင်ပို့မှုစရိတ်များလည်း အဆမတန် မြင့်တက်လာသည်။ ရန်ကုန်မှ မြိတ်သို့ ငါးတစ်ဖာပို့စရိတ်သည် ယခင် ကျပ် ၂၂,၀၀၀ ခန့်မှ ယခု ကျပ် ၁ သိန်းခန့်အထိ မြင့်တက်လာကြောင်း သိရသည်။


ငါးဈေးကွက်အတွင်း ငါးဈေးများလည်း မတည်ငြိမ်ဘဲ နေ့စဉ် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး လုပ်ငန်းရှင်များအကြား ကတိပျက်မှုများနှင့် ငါးလေလွင့်မှုများလည်း ဖြစ်ပွားနေသည်။ လက်လီဈေးကွက်တွင် ဝယ်လိုအားကျဆင်းလာသဖြင့် ရောင်းအားလည်း သိသိသာသာ လျော့နည်းနေကြောင်း သိရသည်။


လက်ရှိတွင် ငါးမြစ်ချင်း တပိဿာ ကျပ် ၈,၅၀၀၊ ငါးကြင်း ကျပ် ၂၀,၀၀၀၊ ငါးမုတ် ကျပ် ၈,၀၀၀ နှင့် ငါးတန် ကျပ် ၅,၅၀၀ ဝန်းကျင်ဖြင့် ရောင်းဝယ်နေကြပြီး ပြည်ပတင်ပို့မှုလည်း လုပ်ငန်းရှင်များ ငွေကြေးလည်ပတ်မှုနှင့် ဆီပြတ်လပ်မှုများကြောင့် အခက်အခဲကြုံနေကြောင်း ငါးကုန်သည်များက ဆိုသည်။


ထို့အပြင် ကုန်ကျစရိတ်နှင့် အစာဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများလည်း အကျိုးအမြတ်နည်းပါးကာ တပြည်လုံး ငါးကဏ္ဍတစ်ခုလုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

news-view-count-icon

47