back

စမွတ်ပကန်တွင် င်္သကြန်ရေကစားဖို့လာတဲ့အမျိုးသမီးငယ်ကိုမဖွယ်မရာထိတွေ့ကိုင်တွက်ခဲ့တဲ့မြန်မာနိုင်ငံသားတဦးဝိုင်းရိုက်ခံရလို့ဆေးရုံရောက်

Apr 16 • 7:58 AM

breaking-news

Myanmar

International

cover

စမွတ်ပကန်တွင် င်္သကြန်ရေကစားဖို့လာတဲ့အမျိုးသမီးငယ်ကိုမဖွယ်မရာထိတွေ့ကိုင်တွက်ခဲ့တဲ့မြန်မာနိုင်ငံသားတဦးဝိုင်းရိုက်ခံရလို့ဆေးရုံရောက်

ယမန်နေ့ညပိုင်းက  ထိုင်းနိုင်ငံ စမွတ်ပကန်ပြည်နယ် ဘန့်ဆောင်ထုန်းနယ်မြေရှိ Muang Mai Bang Phli အိမ်ရာအသိုက်အဝန်း စွိုင်း ၅ အတွင်း ရေကစားနေရာတစ်ခု၌ အမျိုးသားတစ်ဦး ဒ...



ယမန်နေ့ညပိုင်းက  ထိုင်းနိုင်ငံ စမွတ်ပကန်ပြည်နယ် ဘန့်ဆောင်ထုန်းနယ်မြေရှိ Muang Mai Bang Phli အိမ်ရာအသိုက်အဝန်း စွိုင်း  အတွင်း ရေကစားနေရာတစ်ခု၌ အမျိုးသားတစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အရက်မူးနေသည့် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးသည် ရေကစားရန်လာရောက်သော အမျိုးသမီးငယ်တစ်ဦးအား မဖွယ်မရာ ထိတွေ့ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ ထိုအပြုအမူကို မြင်တွေ့ခဲ့သော နေရာရှိ လူအချို့မှ အဆိုပါအမျိုးသားအား ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြရာမှ ဦးခေါင်းနှင့် မျက်နှာပြင်တဝိုက်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါသည်။


ဒဏ်ရာရရှိသူအား ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကူညီပို့ဆောင်၍ Bang Bo ဆေးရုံသို့ တင်ပို့ကုသပေးခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံ သတင်းပေးပို့မှုရှိခဲ့သော်လည်း ဒဏ်ရာရရှိသူမှ တိုင်ကြားမှု မပြုလုပ်သေးကြောင်း သိရပြီး ရဲတပ်ဖွဲ့မှ အမှုအခင်း၏ ဖြစ်ရပ်မှန်များအား ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

news-view-count-icon

23