ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသော သီဟိုဠ်စေ့များကို တရုတ်အပါအဝင် ပြည်ပနိုင်ငံ များသို့တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းကထွက်ရှိသော သီဟိုဠ်ကုန်ကြမ်းများကို ရန်ကုန်မြို့ဈေးကွက်သို့ တင်ပို့လျက်ရှိ သလို ပုသိမ်မြို့နှင့် ရေကြည်မြို့တို့တွင်လည်း သီဟိုဠ်စေ့ကုန်ချောပြုလုပ်၍ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီယား၊ မလေးရှားနိုင်ငံများသို့လည်း ရန်ကုန်မြို့ကတဆင့် တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း၌ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ သီဟိုဠ်စေ့များစတင်ထွက်ရှိပြီး မိုးမကျခင်အချိန်ထိအရောင်းအဝယ်ဖြစ်လေ့ရှိကြောင်း သိရပါတယ်။
ယခင်နှစ်က သီဟိုဠ်ကုန်ကြမ်း တစ်ပိဿာဈေးမှာ ကျပ် ၅ ထောင်သာရှိခဲ့သော်လည်း ယခုနှစ်ရာသီချိန် တွင် တစ်ပိဿာကို ကျပ် ၇၅၀၀ ခန့်ရရှိနေကြောင်း ဒေသခံအဝယ်ဒိုင်အချို့ထံမှ သိရပါတယ်။
သီဟိုဠ်စေ့များကို ဧရာဝတီတိုင်းထဲက ပုသိမ်ခရိုင်၊ ဟင်္သတခရိုင်၊ မြောင်းမြခရိုင်တို့တွင်အများဆုံးစိုက် ပျိုးကြပြီး လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်တို့တွင်လည်း စိုက်ပျိုးမှုများရှိကြောင်း သိရပါတယ်


