ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ လွတ်လပ်ရေးပန်းခြံ အတွင်း၌ ပြုလုပ်ထားသည့် သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်သို့ ဝင်ရောက် ကြည့်ရှုသူများကို အခကြေးငွေ ကောက်ခံနေသဖြင့် ပြည်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်နေလျက် ရှိသည်။အဆိုပါ လားရှိုးသင်္ကြန် ဗဟိုမဏ္ဍပ် တည်ရှိရာ လွတ်လပ်ရေးပန်းခြံ အတွင်းသို့ ဝင်ရောက်သူများကို ငွေကြေး ကောက်ခံမှုအပေါ် လားရှိုးဒေသခံများကလည်း လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုများ ရှိနေသည်။လားရှိုးမြို့၌ ဗဟိုမဏ္ဍပ်အပြင် ရပ်ကွက်(၉)တွင် ဝင်ကြေး ရယူ၍ ပြုလုပ်သည့် ပုဂ္ဂလိကမဏ္ဍပ် တစ်ခု တည်ရှိကြောင်း သိရသည်။



