ယမန်နေ့ ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့တွင် တောင်ကြီးမြို့၌ မတော်တဆမှု လူနာ ၄ ဦး ရှိခဲ့ပြီး လူနာများ အားလုံး စိုးရိမ်ရခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် ခွဲစိတ်ခန်းများ ဆောင်ရွက်ရန် လိုအပ်ပါကလည်း ၂၄ နာရီ အသင့် ကြိုတင်စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။တောင်ကြီးမြို့၌ ယမန်နေ့က ယာဉ်တိမ်းမှောက်သည့် ဖြစ်စဉ်အချို့ ရှိသော်လည်း အများစုမှာ ထိခိုက်ဒဏ်ရာ ရရှိမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပြီး ယင်းတို့အနက် ၄ ဦးမှာ ဆေးရုံသို့ မစိုးရိမ်ရသည့် လူနာအဖြစ် ရောက်ရှိခဲ့ကြောင်း သိရသည်။



