ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ယနေ့(ဧပြီ ၁၄ ရက်)အကျနေ့ တွင် လမ်းလျှောက်သင်္ကြန် ဆင်နွှဲသူများ၊ စတုဒီသာကျွေးမွေးသူများနှင့် စည်ကားလျက်ရှိသည်။ ထို့ပြင် အကျနေ့မနက်ပိုင်းတွင် ရေပက်ခံကစားကြသူများစည်ကားများပြားလျက်ရှိပြီးဖျော်ဖြေရေး ယိမ်းအဖွဲ့များ သင်္ကြန်သီချင်းများဖြင့် ကပြဖျော်ဖြေ ဧည့်ခံတင်ဆက် ခဲ့ပြီး နိုင်ငံကျော်အဆိုတော်များက ခေတ်ပေါ်တေးဂီတ အစီအစဉ်များဖြင့် တင်ဆက်လျက်ရှိသည်။
ပဲခူးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ လမ်းလျှောက်သင်္ကြန်၌ လည်ပတ်သူများနှင့် စတုဒီသာကျွေးမွေးနေ
Apr 14 • 4:39 AM
Myanmar
Bago
Share
| 20 | 0 | 0 | 0 |


