မြန်မာနိုင်ငံအတွင်း စက်သုံးဆီ ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပြည်သူများ ခါးစည်းခံနေရချိန်တွင် နယ်စပ်ဒေသ၌ နည်းလမ်းမျိုးစုံဖြင့် ဆီမှောင်ခိုကူးမှုများ ပိုမိုများပြားလာသည်။ ဧပြီလ ၁၂ ရက်နေ့က ဘုရားသုံး ဆူနယ်စပ်အနီးတွင် ဖရဲသီးကားအောက်၌ ဓာတ်ဆီဝှက်သယ်လာသည့် ထိုင်းအမျိုးသားတစ်ဦး ဖမ်းဆီးခံရမှုသည်။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖရဲသီးများ တင်ဆောင်လာသည့် နစ်ဆန်း (Nissan) ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ဓာတ်ဆီ ၃၉၅ လီတာ (ဂါလံ ၁၄ ဘူး) ကို ဖရဲသီးများအောက်တွင် ဝှက်သယ်လာသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဖမ်းဆီးခံရသူ ထိုင်းအမျိုးသား၏ ဝန်ခံချက်အရ ထိုင်းဘက်တွင် တစ်လီတာလျှင် ၅၄ ဘတ်ဖြင့် ဝယ်ယူပြီး မြန်မာ ဘက်သို့ ၇၀ ဘတ်ဖြင့် မှောင်ခိုရောင်းချရန် ကြိုးပမ်းခြင်းဖြစ်သည်။ ၎င်းသည် တစ်လီတာလျှင် ၁၆ ဘတ်ခန့် အမြတ်ရရန်အတွက် တောလမ်းများမှ ပတ်မောင်းခဲ့ခြင်း ဖြစ်သည်။
Apr 14 • 4:09 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


