မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ၏ နာမည်ကျော် (၆၄) ရွာ ဘုရားပွဲတွင် ပါဝင်သည့် ဧပြီလ (၁၃) ရက် မဟာသင်္ကြန်အကြိုနေ့တွင် ကျင်းပပြုလုပ်လေ့ရှိသော မုရစ်ကြီးကျေးရွာ ဘုရားပွဲ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ထို မုရစ်ကြီးကျးရွာဘုရားပွဲ၌ ကျေးရွာလုံးကျွတ် အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးကြသည့်အပြင် ရေပတ်ကစားကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) (၆၄) ရွာ ဘုရားပွဲအား မဟာသင်္ကြန်အကြိုနေ့မှ နှစ်ဆန်း (၁၀) ရက်နေ့အထိကျင်းပပြုလုပ်လေ့ရှိရာ ယနေ့ မဟာင်္ကြန်အကျနေ့တွင် နတ်မှော်ကျေးရွာ၊ မဟာင်္ကြန်အကြတ်နေ့တွင် ချောင်းဆုံမြို့၊ မဟာသင်္ကြန်အတတ်နေ့တွင် ကရင်ဝင်းစိန်ကျေးရွာ၊ နှစ်ဆန်းတစ်ရက်နေ့တွင် ဘိုးနက်ကျေးရွာ၊ သက္ကောကျေးရွာ နှင့် ကွမ်းလမိုင်းကျေးရွာ ဘုရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Apr 14 • 3:59 AM
Myanmar
Mon
Share
| 45 | 0 | 0 | 0 |


