back

BGF ခေါင်းဆောင် စောချစ်သူ လူမြင်ကွင်း ပြန်ထွက်လာ

Apr 14 • 3:55 AM

breaking-news

Myanmar

Local

cover

BGF ခေါင်းဆောင် စောချစ်သူ လူမြင်ကွင်း ပြန်ထွက်လာ

အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI)က ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်များကို ထိထိရောက်ရောက် နှိမ်နင်း သွားမည်ဟု သတင်းထုတ်ပြန်အပြီး လူမြင်ကွင်းမှ လချီ...

အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI)က ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်များကို ထိထိရောက်ရောက် နှိမ်နင်း သွားမည်ဟု သတင်းထုတ်ပြန်အပြီး လူမြင်ကွင်းမှ လချီကြာပျောက်နေခဲ့သော ကရင်နယ်ခြားစောင့်တပ်/ ကရင်အမျိုးသား တပ်မတော် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူသည် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့၌ ရွှေကုက္ကိုမြိုင်ရှိ ငြိမ်းချမ်းရိပ်ခိုရွှေကုက္ကို သင်္ကြန်မဏ္ဍပ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အမေရိကန် FBI က အရှေ့တောင်အာရှမှ ကျားဖြန့်ဂိုဏ်းများ နှိမ်နင်းရန် ဘန်ကောက်မြို့ရှိ ၎င်းတို့၏ရုံးခွဲ၌ ထိုင်းအာဏာ ပိုင်များ၊ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာဘက်ရှိ ကျားဖြန့်ဝင်းများအား ထိုင်းနိုင်ငံ မဲ‌ဆောက်ဘက်ခြမ်းမှ ရိုက်ယူထားသည့် မှတ်တမ်းပုံများကို ပြီးခဲ့သည့် မတ် ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး နောက် BGF ခေါင်းဆောင် စောချစ်သူကို စစ်တပ်က ဖမ်းဆီးမှုများရှိခဲ့သည်ဆိုသော သတင်းနှင့်အတူ လူမြင်ကွင်းမှ ပျောက်နေခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

26