back

မန္တလေးမြို့ စည်ပင်သာယာဝပြောရေး ကြိုးစားသွားမည်ဟု မြို့တော်ဝန်ပြော

Apr 14 • 3:42 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့ စည်ပင်သာယာဝပြောရေး ကြိုးစားသွားမည်ဟု မြို့တော်ဝန်ပြော

မန္တလေးမြို့ စည်ပင်သာယာဝပြောရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားသွားမယ်လို့ မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေးက ပြောပါတယ်။ ဧပြီလ ၁၃ ရက် သင်္က...

မန္တလေးမြို့ စည်ပင်သာယာဝပြောရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစားသွားမယ်လို့ မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေးက ပြောပါတယ်။ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာကျင်းပတဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲမှာ ဦးခင်မောင်အေးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဒါ့အပြင် မန္တလေးနဲ့ သင်္ကြန်ဆိုတာ ခွဲခြားလို့မရတဲ့ အစဉ်အလာဖြစ်တာကြောင့် ဒီနှစ်ပွဲတော်ကို အစည်ကားဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်အောင် စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ အခုလို သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်တာဟာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့တကွ လုပ်ငန်းကော်မတီအသီးသီးက ဝိုင်းဝန်းကူညီပေးခဲ့ကြလို့ အခုလို ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်တာဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

news-view-count-icon

35