back

အသက် ၃၃ နှစ်ပြည့်မွေးနေ့အဖြစ် လူအယောက် ၇၀၀ စာ စတုဒိသာအလှူလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ညိမ်းသော်

Apr 14 • 4:53 AM

breaking-news

Myanmar

Local

cover

အသက် ၃၃ နှစ်ပြည့်မွေးနေ့အဖြစ် လူအယောက် ၇၀၀ စာ စတုဒိသာအလှူလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ညိမ်းသော်

ည ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် ညိမ်းသော်ရဲ့ ဧပြီ ၁၃ရက်မှာ ကျရောက်တဲ့ အသက် ၃၃ နှစ်ပြည့်မွေးနေ့ကို လူအယောက် ၇၀၀ စာ စတုဒိသာအလှူလုပ်ရ...

ည ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် ညိမ်းသော်ရဲ့ ဧပြီ ၁၃ရက်မှာ ကျရောက်တဲ့ အသက် ၃၃ နှစ်ပြည့်မွေးနေ့ကို လူအယောက် ၇၀၀ စာ စတုဒိသာအလှူလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။ "ကျွန်တော်ရဲ့ သင်္ကြန်အကြိုနေ့ မွေးနေ့လေးပါ။ မွေးနေ့အလှူအနေနဲ့ ထမင်းဟင်း လူ ၇၀၀ စာ စတုဒိသာအနေနဲ့ ညနေပိုင်းက လှူဒါန်းတာပါ။ ဒီနှစ်မွေးနေ့ကို အလှူလေးလုပ်ရင်းဖြတ်သန်းတာပါ။ ကျွန်တော့်ကို ချစ်ရတဲ့သူတွေနဲ့ အမှတ်တရအနေနဲ့ ချစ်လို့ ပေးတဲ့ လက်ဆောင်တွေအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ဗျာ"လို့ သရုပ်ဆောင်ညိမ်းသော်က ပြောပါတယ်။ သူဟာ ဧပြီလ ၁၃ ရက် ယမန်နေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ညစျေးအနီးရှိ ညောင်ပင်လမ်းထိပ်မှာ စတုဒိသာအနေနဲ့ လူအယောက် ၇၀၀ ကို ထမင်း၊ ကြက်သားဟင်း၊ ပုဇွန်ခြောက်ကြော်၊ ငပိကြော်၊ ချဉ်ပေါင်ဟင်းတို့နဲ့ ကျွေးမွေးလှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

news-view-count-icon

29