back

မြန်မာ့အကျပ်အတည်း အဆုံးသတ်နိုင်ရန် ကူညီမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကတိပြု

Apr 13 • 5:26 AM

breaking-news

Myanmar

Local

cover

မြန်မာ့အကျပ်အတည်း အဆုံးသတ်နိုင်ရန် ကူညီမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကတိပြု

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်လက်ကူညီပံ့ပိုးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်...

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်လက်ကူညီပံ့ပိုးသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားလိုက်သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါသဝဏ်လွှာတွင် ဝန်ကြီး မာကို ရူဘီယိုက မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို အသိအမှတ်ပြုထားပြီး၊ တိုင်းပြည်အတွင်း ယိုယွင်းမှုများရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် အကျပ်အတည်းများ လွန်မြောက်စေရန် သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြခဲ့သည်။

news-view-count-icon

35