back

ဝါရင့် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးသိန်းဇံ သင်္ကြန်အကြိုနေ့ မနက်အစောမှာ ကွယ်လွန်

Apr 13 • 6:47 AM

breaking-news

Myanmar

Yangon

cover

ဝါရင့် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးသိန်းဇံ သင်္ကြန်အကြိုနေ့ မနက်အစောမှာ ကွယ်လွန်

ဝါရင့် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးသိန်းဇံ ဒီကနေ့ ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ မနက်အစော ၄ နာရီလောက်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဦးသိန်းဇံဟာ အသည်းရေ...

ဝါရင့် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးသိန်းဇံ ဒီကနေ့ ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ မနက်အစော ၄ နာရီလောက်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဦးသိန်းဇံဟာ အသည်းရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး အဲဒီရောဂါနဲ့ပဲ ရန်ကုန်တိုင်း ၊ သန်လျင်မြို့နယ် ရှိနေအိမ်မှာပဲ ကွယ်လွန်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ အသည်းရောဂါကို နှစ်ချီကြာ ခံစားနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အခြေအနေပိုဆိုးလာကာ အစားအစာ မစားနိုင်တော့တဲ့အထိ ဖြစ်ပွားပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာလို့ သိရပါတယ်။ ဦးသိန်းဇံဟာ ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိပြီ ဖြစ်ပြီး အနုပညာအလုပ်ကိုတော့ အသက် ၂၀ မတိုင်ခင်ကတည်းက လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့လည်း.သိရပါတယ်။ ဦးသိန်းဇံကိုတော့ လာမယ့် ဧပြီ ၁၅ ရက်နေ့ ၊သင်္ကြန် အကြတ်နေ့မှာ သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။ 

news-view-count-icon

26