ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း စားဖိုဆောင်သီးနှံများအပါအဝင် အသားနှင့် ငါးပုစွန် ဈေးနှုန်းများ ဈေးမြင့်တက်လျက်ရှိသည်။ ပြီးခဲ့သည့်သီတင်းပတ် ဧပြီလ ၅ရက်က ကြက်သွန်နီတစ်ပိဿာ ၃,၅၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၁,၀၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၄,၀၀၀ကျပ်စျေးရှိသည်။ ဧပြီလ ၁၁ ရက်တွင်မူ ကြက်သွန်နီတစ်ပိဿာ ၃,၈၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၄,၀၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၆,၀၀၀ကျပ်သို့ ဈေးတက်သွားသည်။ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် သုံးရာကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၃,၀၀၀ ကျပ်နှင့် အာလူးတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်ဈေးတက်သွားကို တွေ့ရှိရသည်။ ယင်းအပြင် အသားစျေးများလည်း တက်လာသည်။ ငါးနှင့် ပုစွန်များလည်း ဈေးမြင့်တက်လျက်ရှိသည်။


Apr 13 • 2:09 AM
Myanmar
Tanintharyi
Share
| 15 | 0 | 0 | 0 |


