back

သင်္ကြန်ပွဲတော်ကာလအတွင်း နေရောင်ပြင်းချိန်၌ အရိပ်ရသည့်နေရာတွင်နားနေရန် အသိပေး

Apr 13 • 2:13 AM

breaking-news

Myanmar

Local

cover

သင်္ကြန်ပွဲတော်ကာလအတွင်း နေရောင်ပြင်းချိန်၌ အရိပ်ရသည့်နေရာတွင်နားနေရန် အသိပေး

၂၀၂၆ ခုနှစ် ရိုးရာသင်္ကြန်ပွဲတော်ကာလမှာ အပူဒဏ်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် နေ့လယ်ပိုင်း နေရောင် ပြင်းချိန် အရိပ်ရတဲ့နေရာတွေမှာ နားနေဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသ...

၂၀၂၆ ခုနှစ် ရိုးရာသင်္ကြန်ပွဲတော်ကာလမှာ အပူဒဏ်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် နေ့လယ်ပိုင်း နေရောင် ပြင်းချိန် အရိပ်ရတဲ့နေရာတွေမှာ နားနေဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သင်္ကြန်ပွဲတော်ကာလအတွင်း ကျန်းမာရေးနဲ့အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ကြဖို့ ကျန်းမာရေးအသိပေးချက်တွေကို သတိပြုလိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ နေ့လယ်ပိုင်းနေရောင်ပြင်းချိန် အပြင်ထွက်မယ်ဆိုရင် ထီး၊ ဦ:ထုပ်ဆောင်းဖို့၊ ရေဓာတ်ခမ်းခြောက်မှုကကာကွယ် နိုင်အောင် သန့်ရှင်းတဲ့ရေကို မကြာခဏသောက်ဖို့နဲ့ အရက်သောက်တာဟာ အပူဒဏ်အန္တရာယ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်တဲ့အတွက် အထူးသတိပြုဖို့ အသိပေးထားပါတယ်။

news-view-count-icon

28