အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လက်ရှိ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ပြီး ဆီရှားပါးမှုတွေ ဖြစ်ပေါ်နေပေမယ့် ကမ်းခြေနဲ့ အပန်းဖြေနေရာတွေမှာ ဟိုတယ်ဘိုကင်တွေ ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ပြည်တွင်းခရီးသွား အများအပြားဟာ လာမယ့် သင်္ကြန်ကာလ ပိတ်ရက်ရှည်တွေမှာ ချောင်းသာ၊ ငွေဆောင်၊ ပုဂံ၊ တောင်ကြီး အစရှိတဲ့ နေရာတွေဆီ သွားရောက် လည်ပတ်ကြဖို့ ရှိနေတယ်လို့ သိရပြီး ဟိုတယ်တွေမှာ ဧပြီလလယ်အထိ ဘိုကင်အပြည့်နီးပါး ရှိနေတယ်လို့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။ အခု ၂၀၂၆ ခုနှစ်မှာ နှစ်ဆန်းပိုင်း အတွင်းမှာတင် ငွေဆောင်ကမ်းခြေကို ခရီးသွား နှစ်သိန်းနှစ်သောင်းကျော်၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေကို ခရီးသွား တသိန်း ခြောက်သောင်းကျော် ဝင်ရောက်ခဲ့တာကြောင့် အခုနှစ်မှာတော့ ပြီးခဲ့တဲ့နှစ်တွေကထက် ခရီးသွားလာမှုနှုန်း ပိုမို မြင့်တက်ဖွယ် ရှိနိုင်တယ်လို့ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေက ခန့်မှန်းထားကြပါတယ်။
Apr 13 • 2:08 AM
Myanmar
Ayeyarwady
Share
| 21 | 0 | 0 | 0 |


