မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်တွင်တည်ရှိသည့် ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့် ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေး စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ ထောက်ရှာပင်ရေနံမြေသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်အ တွင်းတည်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိနိုင်သော သဲကြောပေါင်း (၂၀) ခုကို ၁၉၇၈ ခုနှစ်မှစတင်၍ ယခုအချိန်ထိ တူးဖော်ပြီးတွင်းပေါင်း (၈၈၄) တွင်းနှင့် ၂၀၁၉ ခုနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူနေသော တွင်းပေါင်း (၁၂၄) တွင်းမှ တစ်ရက်လျှင် ရေနံစိမ်း (၄၄၀) စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ (၀.၀၄၅) ကုဗပေသန်းခန့် ထုတ်ယူရရှိခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်၌ ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့ လက်မှတ်ရေးထိုး
Apr 13 • 2:06 AM
Myanmar
Naypyidaw
Share
| 35 | 0 | 0 | 0 |


