back

ထိုင်းနိုင်ငံ၌ ဆုန်ခရမ် မတိုင်မီခင်မှာပင် ယာဉ်မတော်တဆမှု ၁၃၅ ခု ဖြစ်ပွားပြီး လူ ၂၀ ‌သေဆုံး

Apr 12 • 8:15 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၌ ဆုန်ခရမ် မတိုင်မီခင်မှာပင် ယာဉ်မတော်တဆမှု ၁၃၅ ခု ဖြစ်ပွားပြီး လူ ၂၀ ‌သေဆုံး

ထိုင်းရဲ့ အန္တရာယ်ရှိတဲ့ ပထမဆုံးနေ့မှာ ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယာဉ်မတော်တဆမှု ၁၃၅ ခု ဖြစ်ပွားခဲ့ပြီး လူ ၂၀ ‌ သေဆုံးကာ ၁၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊၊ ဒါပေ...

ထိုင်းရဲ့ အန္တရာယ်ရှိတဲ့ ပထမဆုံးနေ့မှာ ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယာဉ်မတော်တဆမှု ၁၃၅ ခု ဖြစ်ပွားခဲ့ပြီး လူ ၂၀ ‌ သေဆုံးကာ ၁၃၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊၊ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် သိသိသာသာ လျော့နည်းသွားတာဖြစ်ပြီး ဆီစျေးနှုန်း မြင့်တက်လာတာကြောင့် ကိုယ်ပိုင်ကားတွေအစား ရထားနဲ့ ဘတ်စ်ကားတွေကို ပိုမိုအသုံးပြုလာကြတာကြောင့်လို့ ယူဆရပါတယ်၊၊မတော်တဆမှုတွေရဲ့ အဓိကအကြောင်းရင်းကတော့ အရှိန်ပြင်းစွာ မောင်းနှင်တာနဲ့ လမ်းကြောကို ရုတ်တရက် ပြောင်းလဲတာတွေကြောင့်ဖြစ်ပြီး ဆိုင်ကယ်တွေက ယာဉ်တိုက်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်အထိ ပါဝင်နေပါတယ်၊၊ ထူးခြားချက်အနေနဲ့ အသက် ၆၀ ကနေ ၆၉ နှစ်ကြား အရွယ်တွေဟာ ထိခိုက်‌ေ-သဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး၊ မတော်တဆမှု အများဆုံးဖြစ်ပွားတဲ့ ဒေသတွေကတော့ တောင်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ Trang နဲ့ Songkhla တို့ပဲ ဖြစ်ပါတယ်၊၊

news-view-count-icon

25