ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က ကန်စောက်တောင်အဆင်းမှာ ခရီးသည်တင် အိန္ဒိယသုံး(တုတ်တုတ်)တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက် ခရီးသည်အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။ဒဏ်ရာရသွားတဲ့အမျိုးသမီးကတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ မာန်အောင်သားကျေးရွာက ဒေါ်ရွှေစံနု (၆၃)နှစ်ဖြစ်ပါတယ်။ထိုယာဉ်ဟာ ဧပြီလ ၁၁ ရက်၊ မနက် ၇ နာရီခွဲလောက်မှာ ခရီးသည်တချို့ကိုတင်ဆောင်ပြီး ကျောက်တော်မြို့ကနေ ယိုးတရုတ်ကျေးရွာသို့ ထွက်ခွာလာစဉ် အမြင့်ပေ ၄၄၀ ပေရှိတဲ့ ကန်စောက်တောင်ရဲ့အဆင်းက အကွေ့မှာ အရှိုန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ အဲဒီယာဉ်ကိုမောင်းလာသူက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ကျောက်တော် ကန်စောက်တောင်မှာ အိန္ဒိယသုံးဘီးတိမ်းမှောက်လို့ ခရီးသည်အမျိုးသမီးတစ်ယောက် ဒဏ်ရာရ
Apr 12 • 8:18 AM
Myanmar
Rakhine
Share
| 17 | 0 | 0 | 0 |


