back

မကွေးတိုင်း၊ငဖဲမြို့နယ်၌ လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်

Apr 12 • 7:10 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊ငဖဲမြို့နယ်၌ လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ ယိမ်...

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ ယိမ်းအကအလှ ၁၅ ယိမ်းတို့ဖြင့်  ပဒါန်းကျေးရွာ ပုသိမ်-မုံရွာလမ်းဆုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်တည်ဆောက်ရေး ၊ ဒီဇိုင်းအလှဆင်လုပ်ငန်း၊ လမ်းလျှောက်သင်္ကြန်ပြင်ဆင်ရေးနှင့် ရေရရှိရေး စသည့်လုပ်ငန်းများကို တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ယိမ်းအကများကို ရပ်ကွက်/ကျေးရွာများရှိ ယိမ်းအဖွဲ့ ၁၅ ဖွဲ့မှ  အကတိုက်လေ့ကျင့်လျက်ရှိသည်။မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်အကြိုနေ့တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့များတွင် ငဖဲမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ယိမ်းအဖွဲ့များ၏ အလှည့်ကျ ကပြယှဉ်ပြိုင်ဖျော်ဖြေမှုများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ နေ့စဉ်စတုဒီသာဧည့်ခံကျွေးမွေးရေး အစီအစဉ်များ၊ ဆုရရှိသည့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ပွဲအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။

news-view-count-icon

30